၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း နိုင်ငံရေးအခြေအနေများ မတည်မငြိမ်ဖြစ်နေသည့်ကာလျားတွင် ဦးအေးချမ်း (UAC) သည် ပြည်သူများအား ဆိုရှယ်မီဒီယာပေါ်မှ သတင်းအမှားများ သတင်းတုများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေစဉ်အတွင်း မီဒီယာမှတဆင့် နိုင်ငံအတွက် ဝန်ဆောင်မှုပေးရန် ရွေးချယ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် သူသည် မြန်မာနိုင်ငံအတွင်း အရှည်ကြာဆုံး တည်ရှိနေသည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Myanmar Insider ၏ ထုတ်ဝေသူ၊ တည်းဖြတ်သူ တစ်ဦး ဖြစ်လာခဲ့ပါသည်။ Myanmar Insider သည် မြန်မာပြည်သူများအနေဖြင့် မှန်ကန်သည့် သုံးသပ်ချက်များနှင့် အမှန်တရား ထင်ဟပ်စေသည့် အမြင်များကို ရယူနိုင်သည့် အဓိကပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိခဲ့ပါသည်။
ယင်း ပလက်ဖောင်းသည် မြန်မာ့မီဒီယာကောင်စီနှင့် အစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ချန်နယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံ မီဒီယာကဏ္ဍအတွင်း ထင်ရှားပြီး ယုံကြည်အားထားစရာ မီဒီယာတစ်ခု အဖြစ်လည်း တည်ရှိလာခဲ့ပါသည်။
ယင်းအပြင် ဦးအေးချမ်းသည် နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းများမှတစ်ဆင့် အဓိကအားဖြင့် စီးပွားရေးနှင့် နိုင်ငံတကာ ရေးရာများကို သုံးသပ်သူ၊ မှတ်ချက်ပေးနိုင်သူ အဖြစ် Talk-show Host နှင့်အတူ လူသိများခဲ့ပြီး သူသည် သူ၏ စီးပွားရေးနှင့် နိုင်ငံတကာရေးရာ လေ့လာတင်ပြချက် သုံးသပ်ချက်မျးကို MRTV, MITV နှင့် Myawaddy TV တို့မှတစ်ဆင့် ပြည်သူများသို့ ပုံမှန်တင်ဆက်ခဲ့ပါ သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် တစ်စောင်တည်းသော သတင်းစာဖြစ်သည့် The Global New Light of Myanmar တွင် အချိန်အများဆုံး ဆောင်းပါးရေးသားသူအဖြစ်လည်း တာဝန်ထမ်းဆောင်ကာ နိုင်ငံအခြေအနေများနှင့် နိုင်ငံတကာ ဖြစ်ရပ်များ၏ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုကို ပုံမှန်သုံးသပ်ချက်ပေးခဲ့နိုင်ခဲ့ပါသည်။